ဤရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သမိုင်းဝင် သဘောတူစာချုပ်သည် ကမ္ဘာကြီးအား မည်သို့ ပြောင်းလဲမည်နည်း

(GMT+08:00)2023-12-16 17:06:07  

  မကြာမီက ကျင်းပခဲ့သော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် သဘောတူစာချုပ် ၂၈ ကြိမ်မြောက် စာချုပ်ဝင်နိုင်ငံများ အစည်းအဝေး COP28 ၌ အစည်းအဝေး ဥက္ကဋ္ဌ Sultan Ahmed Al Jaber က 'ကျွန်တော်တို့က သမိုင်းဝင် အောင်မြင်မှုအတွက် ဂုဏ်ယူ သင့်တယ်။ အာရပ်စောဘွားများ သဘောတူစာချုပ်ဟာ အားဖြည့်ခြင်း ခံထားတဲ့ ညီမျှတဲ့ သမိုင်းဝင် ဖြစ်တဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆောင်ရွက်မှုကို တိုးမြှင့်ပေးတဲ့ အစီအစဉ်များ ဖြစ်တယ်'ဟု ပြောကြား ခဲ့ပါသည်။ 'သမိုင်းဝင် သဘောတူစာချုပ်'သည် နိုင်ငံတကာ မီဒီယာများက COP28၏ အောင်မြင်မှုရလဒ် အပေါ် ကျယ်ပြန့်သော အကဲဖြတ်မှုပင် ဖြစ်ပါသည်။

   ယခုအကြိမ် အစည်းအဝေးမှ သတင်းအရ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချရေးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ငွေကြေးနှင့် နည်းပညာ ထောက်ပံ့ရေး ကတိပြုမှုများ ဖော်ဆောင်ရေးနယ်ပယ်တွင် ဖူဖူလုံလုံ မရှိခြင်း ပြဿနာသည် လွန်စွာ ပြင်းထန် နေပါသည်။ ထို့ကြောင့် အစည်းအဝေး၏ အောင်မြင်မှုရလဒ်များကို ဖော်ဆောင်လိုပါက ဖွံ့ဖြိုးဆဲနိုင်ငံများသည် ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ ကတိကဝတ်များကို အမြန်ဆုံး ဖော်ဆောင်ပေးရန် လိုအပ်ပါသည်။

  စွမ်းအင် အသွင်ကူးပြောင်းခြင်းကို ဖော်ဆောင်ပြီး ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်း လိုလျှင် နိုင်ငံ အားလုံး၏ လက်တွေ့ကျသည့် ကြိုးပမ်းမှုများနှင့် ခွဲမရခြင်းပင် ဖြစ်သည်။ ယခုနှစ်များအတွင်း ဆက်တိုက် အသုံးပြုနိုင်သော စွမ်းအင်နယ်ပယ်တွင် တရုတ်နိုင်ငံက အောင်မြင်မှုများစွာ ရရှိခဲ့သည်။ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်သုံး စက်ကိရိယာများ တပ်ဆင်မှုနှုန်းသည် ကမ္ဘာ့စုစုပေါင်းပမာဏ၏ သုံးပုံတစ်ပုံကျော် ရှိပြီး လေအား လျှပ်စစ်ဓာတ်အား၊ ရေအား လျှပ်စစ်ဓာတ်အားနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပမာဏများသည် ကမ္ဘာ့ပထမနေရာတွင် တည်ရှိနေပါသည်။

   လူသားများ ရင်ဆိုင်နေရသော ဘုံအခက်အခဲကို လူသားတစ်ရပ်လုံး လက်တွဲ ဖြေရှင်းရန် လိုအပ်ပါသည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။