တရုတ်-ကင်ညာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ ရှီကျင့်ဖိန်နှင့် ရိုတိုတို့သည် ဂုဏ်ပြုကြောင်း သဝဏ်လွှာ အပြန်အလှန်ပေးပို့

(GMT+08:00)2023-12-15 15:07:15  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ကင်ညာနိုင်ငံသမ္မတ ရိုတိုတို့သည် တရုတ်-ကင်ညာနှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၆၀ ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ ဂုဏ်ပြုကြောင်း သဝဏ်လွှာကို ယမန်နေ့ ၁၄ ရက်နေ့က အပြန်အလှန်ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၆၀ အတွင်းတွင် တရုတ်-ကင်ညာ နှစ်နိုင်ငံတို့သည် အမြဲတမ်း ပူးပေါင်းဆောင်ရွက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ကာ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်အားကိုးနိုင်သည့် မိတ်ဆွေကောင်းဖြစ်လာသလို စီးပွားရေးနယ်ပယ်မှ ပူးပေါင်းဆောင်ရွက်ပြီး အပြန်အလှန်အကျိုးရရှိစေသော မိတ်ဖက်ကောင်းလည်းဖြစ်လာကြောင်း၊ မိမိသည် တရုတ်-ကင်ညာဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် အလွန်အလေးထားပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကို ပြီးပြည့်စုံရန်၊ ခေတ်သစ်တွင် ပိုမို ရင်းနှီးသော တရုတ်-ကင်ညာ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်သွားရန် အဆွေတော်သမ္မတ ရိုတိုနှင့် လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ဖော်ပြပါသည်။

ရိုတိုက သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် နှစ် ၆၀ အတွင်း ကင်ညာ-တရုတ် နှစ်နိုင်ငံတို့သည် နိုင်ငံတကာ အခြေအနေ ပြောင်းလဲခြင်းကို အတူ ရင်ဆိုင်ပြီး အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန် ထောက်ခံ အားပေးခြင်း၊ ခင်မင်ရင်းနှီးစွာပူးပေါင်းဆောင်ရွက်ခြင်း၊ စည်းလုံးညီညွတ်စွာ ပံ့ပိုးကူညီခြင်းကို စွဲကိုင်ထားကာ နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံမှုကို တစ်နေ့တစ်ခြား ခိုင်မာလာကြောင်း ဖော်ပြပါသည်။