ရုရှား-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် မကြုံစဖူး အမြင့်ဆုံးနေရာသို့ ရောက်ရှိနေပြီဟု ပူတင်ဆို

(GMT+08:00)2023-12-15 15:06:20  

ဒီဇင်ဘာလ ၁၄ ရက်နေ့က ရုရှားသမ္မတ ပူတင် သည် ရုရှားနိုင်ငံ မော်စကိုမြို့တွင် နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ပြီး Live ထုတ်လွှင့်ကာ ရုရှားပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ရုရှား-တရုတ် ဆက်ဆံရေးနှင့်ပတ်သက်ပြီး ပူတင်က ရုရှားနှင့် တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုသည် မကြုံစဖူးသော အဆင့်နေရာသို့ ရောက်ရှိနေပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် ကမ္ဘာ့တည်ငြိမ်ရေးအတွက် အာမခံချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ်တွင် ရုရှား-တရုတ် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်း ၂၂၀ မှ ၂၃၀ အထိ ရှိနိုင်ဖွယ်ရာရှိကြောင်း၊ BRICS နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုသည် တတိယဘက်ကို ရည်မှန်းထားခြင်းမဟုတ်ဘဲ နိုင်ငံအသီးသီးတို့၏ ဘုံအကျိုးစီးပွားအတွက် ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။