မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ အခြေအနေနှင့် ပတ်သက်သော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌန၏ နောက်ဆုံးရပြောကြားချက်

(GMT+08:00)2023-12-15 15:11:41  


    ဒီဇင်ဘာလ ၁၄ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်လျှောက်လုံးအခိုင်အမာ ထောက်ခံပြီး မြန်မာနိုင်ငံရှိသက်ဆိုင်ရာဘက်အသီးသီးတို့အား ထိတွေ့ဆွေးနွေးရန်အတွက် ထောက်ခံမှုနှင့် အဆင်ပြေမှုများကို ပံ့ပိုးကူညီလျက်ရှိကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ၌ အောက်တိုဘာလ ၂၇ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် တင်းမာသော အခြေအနေ လျော့ပါးလာစေရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘက်အသီးသီး တို့အကြား အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးပွဲကျင်းပရန်လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်နိုင်ငံ၏ ဖျန်ဖြေမှုနှင့် တွန်းအားပေးမှုကြောင့် မြန်မာ့တပ်မတော်သည် MNDAA ၊ TNLA ၊ AA တို့နှင့် တရုတ်နိုင်ငံတွင်   ဆွေးနွေးပွဲကို ကျင်းပပြီး ယာယီအပစ်အခတ်ရပ်စဲရေးနှင့် ဆွေးနွေးပွဲဆက်လက်ကျင်းပရေးစသည်တို့နှင့် ပတ်သက်၍ သဘောတူညီမှုများ ရရှိခဲ့ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် တိုက်ခိုက်မှုများ သိသိသာသာ ကျဆင်းလာပြီး ၄င်းမှာ မြန်မာနိုင်ငံရှိ ဘက်အသီးသီးတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင် တရုတ်-မြန်မာနယ်စပ်ဒေသတည်ငြိမ်မှု ကာကွယ် ထိန်းသိမ်းရေးအတွက်လည်း အကျိုးရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဘက်အသီးသီးတို့အား ရရှိပြီးသော သဘောတူစာချုပ်များနှင့် သဘော တူညီမှုများကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး တစ်ဦးနှစ်တစ်ဦး တတ်နိုင်သမျှ ချုပ်တည်းထားကာ တင်းမာသောအခြေအနေကို လျော့ပါးစေပြီး အရေးပေါ်အခြေအနေကို အချိန်မီထိန်းချုပ်၍ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏အခြေအနေ ကောင်းမွန်လာစေဖို့ အတူတကွတွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။