ရှီကျင့်ဖိန်သည် ကွမ်ရှီး နန်နင်းမြို့သို့ သွားရောက်လေ့လာကြည့်ရှု

(GMT+08:00)2023-12-15 15:26:41  

ဒီဇင်ဘာလ ၁၄ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့သို့ သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ ရှီကျင့်ဖိန်သည် တရုတ်-အာဆီယံသတင်းအချက်အလက်ဆိပ်ကမ်း ကုမ္ပဏီလီမိတက်နှင့် လျန်ချင်ရပ်ကွက်ရှိ ဖန်လုံလူနေရပ်ကွက်တို့ကို သွားရောက်ပြီး တရုတ်-အာဆီယံစီးပွားကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၊ သတင်းအချက်အလက် တည်ဆောက်မှုနှင့်အသုံးချမှု၊ မြို့ပြလူနေရပ်ကွက် စီမံခန့်ခွဲရေးစနစ်များ ပြီးပြည့်စုံမှုနှင့် တိုင်းရင်းသာ် စည်းလုံးညီညွတ်ရေး မြှင့်တင်မှုစသည်တို့ကို လေ့လာခဲ့သည်။