ရှီကျင့်ဖိန်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေးကောင်စီ တည်ထောင်ခဲ့သည့် အနှစ် ၅၀ ပြည့်မြောက် နှစ်အခမ်းအနားသို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2023-12-15 15:10:19  

ဒီဇင်ဘာလ ၁၅ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေးကောင်စီ (U.S.-China Business Council) တည်ထောင်ခဲ့သည့် အနှစ် ၅၀ ပြည့်မြောက်နှစ် အခမ်းအနားသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာပေးပို့ပြီး ကောင်စီနှင့် ကောင်စီဝင်အားလုံးအား ထောမနာပြုကြောင်း ဖော်ပြသည့်အပြင် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ကာလရှည်ကြာစွာ ဂရုစိုက်ပြီး ထောက်ပံ့ပေးလျက်ရှိသော အမေရိကန်အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များအား စိတ်ရင်းမှန်ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားလိုပါကြောင်း  ဖော်ပြခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်-အမေရိကန်တို့ လက်တွဲပူးပေါင်းပြီး စိန်ခေါ်မှုများနှင့် အတူရင်ဆိုင်နိုင်မလားဆိုသည်မှာ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် သက်ဆိုင်ပြီး လူသားတို့၏ အနာဂတ်နှင့် ကံကြမ္မာကို ဂယက်ရိုက်ခတ်သွားစေမည်ဖြစ်ကြောင်း ဖော်ပြခဲ့ ပါသည်။

ရှီကျင့်ဖိန်က တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေးဆက်ဆံမှုသည် နှစ်နိုင်ငံ ဆက်ဆံမှု၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူများအတွက် မြင်သာထင်သာသော  ချမ်းသာသုခများကို ဆောင်ကြဉ်းပေးနိုင်ကြောင်း ပြောကြားခဲ့ ပါသည်။