တရုတ်နိုင်ငံ ဝူဟူမြို့မှ ထုတ်လုပ်သည့် ကောင်းကင်ရထား (Monorail )သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အသုံးပြု

(GMT+08:00)2023-12-15 15:29:31  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ကမ္ဘာလှည့် ခရီးသည်များအတွက် နာမည်ကျော်ကြားသော နေရာများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ ဒေသခံများက ဘန်ကောက်မြို့၏ ရထားပို့ဆောင်ရေး စနစ်ကို ဘန်ကောက်ကောင်းကင်ရထားလို့ ခေါ်ကြသည်။ ၂၀၂၃ခုနှစ် ဇူလိုင်လမှစ၍ တရုတ်နိုင်ငံ အန်း‌ဟွေ ပြည်နယ် ဝူဟူမြို့ CRRC Puzhen အယ်လ်စတိုမ် သယ်ယူပို့ဆောင်ရေးကုမ္ပဏီက ထုတ်လုပ်သော ကောင်းကင်ရထား ပြေးဆွဲခဲ့ပါသည်။ ရထားအစီး၃၀ ရှိပြီး ကျယ်ဝန်းကာ တောက်ပပြီး မောင်းသူမဲ့ နည်းပညာကို အသုံးပြုထားပါသည်။