တရုတ်-ဗီယက်နမ်ထိပ်သီးခေါင်းဆောင်တို့မှ နှစ်ပါတီနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေး အနေအထားသစ်ကို ပူးတွဲကြေညာခြင်းသည် ခေတ်ရေစီကြောင်းနှင့်ကိုက်ညီပြီး အခြေအနေ ပြည့်စုံလျှင် လုပ်ငန်းများထမြောက်အောင်မြင်လိမ့်မည် ဖြစ်သည်ဟု တရုတ်ဆို

(GMT+08:00)2023-12-14 13:55:06  

   ဒီဇင်ဘာလ ၁၃ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန် တို့သည် နှစ်ပါတီနှင့် နှစ်နိုင်ငံအကြား ဆက်ဆံမှုအနေအထားသစ်ကို ပူးတွဲကြေညာ ခဲ့ကြကြောင်း၊ တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖတ် ဆက်ဆံရေးအခြေခံပေါ်တွင် မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းကို လက်တွဲတည်ဆောက်ကြောင်း၊ ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံတို့က ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖတ်ဆက်ဆံရေး ထားရှိခဲ့ပြီးနောက် ယခုအကြိမ် နှစ်ဖက်အကြား ဆက်ဆံမှုအနေအထားသစ်ကို ချမှတ်ခြင်းသည် နှစ်နိုင်ငံအကြား ၁၅ နှစ်ကြာ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖတ်ဆက်ဆံရေး၏ ဆက်လက်မြင့်တင်ခြင်း ဖြစ်ပြီး ခေတ်ရေစီကြောင်းနှင့်ကိုက်ညီကာ အခြေအနေပြည့်စုံလျှင် လုပ်ငန်းများထမြောက် အောင်မြင်လိမ့်မည် ဖြစ်ကြောင်း ပြောကြားပါသည်။