ရှီကျင့်ဖိန် သည် ဗီယက်နမ်ခရီးစဉ်ပြီးဆုံးပြီ ဖြစ်၍ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိ

(GMT+08:00)2023-12-14 11:41:39  

ဒီဇင်ဘာလ ၁၃ရက်နေ့ ညတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ်ခရီးစဉ်ပြီးဆုံးပြီ ဖြစ်၍ တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါသည်။

    ဟနွိုင်းမြို့မှ မထွက်ခွာမီ လေဆိပ်သို့ သွားရာတစ်လျှောက် လမ်းဘေးဝဲယာတွင် ဒေသခံ ပြည်သူလူထုနှင့် တရုတ်နွယ်ဘွားများသည် တရုတ်-ဗီယက်နမ် နှစ်နိုင်ငံအလံများကို ဝှေ့ယမ်းကာ ရှီကျင့်ဖိန် အား နွေးထွေးစွာ နှုတ်ဆက်ပြီး ဗီယက်နမ် ခရီးစဉ် အောင်မြင်ကြောင်း ဂုဏ်ပြုထောမနာပြုခဲ့ကြပါသည်။