ဖိလစ်ပိုင်၏ ကျူးကျော်မှုနှင့် ရန်စမှု လုပ်ရပ်များအား အမေရိကန်ထောက်ခံအားပေးခြင်းကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ကန့်ကွက်ကြောင်း ပြောကြား

(GMT+08:00)2023-12-14 13:56:55  

ဒီဇင်ဘာလ ၁၃ ရက်နေ့၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ပုံမှန် သတင်းစာရှင်းလင်းပွဲ ကြီးမှူးကျင်းပခဲ့ရာ ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၀ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှ ကြေညာချက် ထုတ်ပြန်ပြီး ဟွမ်ယန်ကျွန်းနှင့် ယင်အိုင်ကျွန်း အနီးတဝိုက် ရေပြင်တွင် တရုတ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ချက်များကို မဟုတ်မမှန်သော စွပ်စွဲမှုများ ပြုလုပ်ကာ အမေရိကန်-ဖိလစ်ပိုင် အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်ကို တောင်ပင်လယ်တွင်လည်း ကျင့်သုံးနိုင်ကြောင်း ခြိမ်းခြောက်ပြောကြားခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး မော်နင်က ဟွမ်ယန်ကျွန်းသည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်ပြီး တရုတ်နိုင်ငံသည် ဟွမ်ယန်ကျွန်းနှင့် အနီးတဝိုက်ရေပြင်အပေါ် ငြင်းဆို၍မရသော အချုပ်အခြာ အာဏာပိုင်ခွင့် ရှိကြောင်း၊ တောင်ပင်လယ် အနုညာတ ဟူသော စီရင်ဆုံးဖြတ်ချက်သည် တရားမဝင် အကျုံးမဝင်ဖြစ်ပြီး ချုပ်ချယ်ခွင့်လည်း မရှိဟု တရုတ်ဘက်မှ အကြိမ်ကြိမ် ကျေညာခဲ့ပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။