နှစ်ပတ်လည်စီးပွားရေးလုပ်ငန်းအစည်းအဝေးဖြင့် “တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ” သော တန်ဖိုးများကို ပိုမိုသိရှိနားလည်

(GMT+08:00)2023-12-14 11:42:35  


    ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒများကို တစ်ကမ္ဘာလုံးသည် လွန်စွာ အာရုံစိုက်ပါသည်။ ဒီဇင်ဘာလ ၁၁ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့သည့် တရုတ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေး၌ လာမည့်နှစ်တွင် စီးပွားရေး လုပ်ငန်းအတွက် ရှင်းရှင်းလင်းလင်း လမ်းညွှန်ချက်ပေးသည့်အပြင် ပြင်ပလောကသည် ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုများဖြင့် ကမ္ဘာ့စီးပွားရေးပြန်လည်ဦးမော့လာစေရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း တွေ့မြင်နိုင်ပါသည်။
    ခြေလှမ်းမှန်မှန်ဖြင့် ဖွံ့ဖြိုးတိုးတက်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး လက်တွေ့ ဖော်ဆောင်မှုမှ ရရှိလာခြင်းဖြစ်ပါသည်။ ၂၀၂၃ခုနှစ်သည် ကိုဗစ်-၁၉ရောဂါပြီးကာလတွင် တရုတ်နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာသည့် နှစ်တစ်နှစ် ဖြစ်ပါသည်။ ၂၀၂၃ခုနှစ် တွင် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးစီးပွားရေးတိုးတက်ရန် အကျိုးပြုစွမ်းဆောင်နှုန်းမှာ ရာခိုင်နှုန်း ၃၀ကျော်ရှိပြီး ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အကြီးဆုံးသော အင်ဂျင် ဖြစ်နေ သေးသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ခန့်မှန်းဖော်ပြခဲ့ကြပါသည်။
    ၂၀၂၄ ခုနှစ်မှာ တစ်ကမ္ဘာလုံးစီးပွားရေးဦးမော့ရန် အားနည်းမည့်အခြေအနေမျိုးတွင် လူများသည် မသေချာမရေရာမှုများကို ရင်ဆိုင်ကျော်လွှားရန် ပိုမိုများပြားသောစွမ်းအား လိုအပ်ပါသည်။ “တက်ကြွသော ဘဏ္ဍာရေးမူဝါဒများနှင့် တည်ငြိမ်သော ငွေရေးကြေးရေး မူဝါဒများကို ဆက်လက်ကျင့်သုံးမည် ဖြစ်ပါသည်။” လာမည့်နှစ်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးမူဝါဒများမှနေ လူများသည် ကမ္ဘာကြီး ချို့တဲ့နေသော တည်ငြိမ်မှုနှင့် ဆက်နွှယ်မှု များကို တွေ့မြင်နိုင်ပါသည်။
    တိုးတက်မှုဖြင့် တည်ငြိမ်မှုကို မြှင့်တင်ခြင်းဆိုသည်မှာ “တိုးတက်မှု”ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ဦးတည်ချက်နှင့် မောင်းနှင်အား အဖြစ်ထားခြင်း ဖြစ်ပါသည်။ “တိုးတက်မှု”ကို မည်ကဲ့သို့ အကောင်အထည်ဖော်ရမည်နည်း။ ၄င်းမှာ သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးနှင့် ခွဲ၍ မရပါ။ စွမ်းအင်သစ်၊ ဒီဂျစ်တယ်စီးပွားရေး၊ AI ၊ အဆင့်မြင့် ကုန်ထုတ်လုပ်မှု၊ ဆေးကုသရေးနှင့် ကျန်းမာရေးစသည့် အဆင့်မြင့် ကုန်ထုတ်လုပ်မှုနှင့် ခေတ်မီ ဝန်ဆောင်မှုလုပ်ငန်းများသည် တရုတ်နိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအချို့ တိုးချဲ့ဆောင်ရွက်ရန် အဓိကနယ်ပယ်များ ဖြစ်ကြကြောင်း လေ့လာသူများက ထောက်ပြ ခဲ့ကြပါသည်။
    တရုတ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေး၌ လာမည့်နှစ်တွင် “ပြည်တွင်း ဝယ်လိုအားကို တိုးချဲ့မည် ဖြစ်ကြောင်း” အလေးထားဖော်ပြခဲ့ပါသည်။ သမားရိုးကျ စားသုံးမှုကို တည်ငြိမ်စေပြီး တိုးချဲ့ဆောင်ရွက်ရင်း အသစ်စားသုံးမှုကို ပြုစု ပျိုးထောင်ခြင်းမှာ “တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ”သော နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများအတွက် ပိုမိုများပြားသော အခွင့်အလမ်း ဆောင်ကျဉ်းပေးလာမှာဖြစ်ပါသည်။ “တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ”ခြင်း၏ အရင်းအမြစ်မှာ တရုတ်နိုင်ငံမှ အဆင့်မြင့် တံခါးဖွင့်ရေးကို ဦလည်မသုန် ကျင့်သုံးခြင်းနှင့် တိုးချဲ့ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ တံခါးဖွင့်သော တရုတ်နိုင်ငံသည် စီးပွားရေးအခွင့်အလမ်းများချဲ့ထွင်ရန် နိုင်ငံများအတွက် အမြဲတမ်းအကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပါသည်။
    လက်ရှိ တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာတွင် အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း ခြုံပြီးကြည့်လျှင် အခွင့်အလမ်းများသည် စိန်ခေါ်မှုများထက် ပိုမို များပြားပါသည်။ ယခုအကြိမ် ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးကို အစသစ်အဖြစ်ထား ပြီး တရုတ်နိုင်ငံသည် စီးပွားရေးဦးမော့လာကာ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေသည့် အရှိန်အဟုန်ကို အဆက်မပြတ် ခိုင်မြဲတိုးတက်လာစေရန် စွမ်းရည်နှင့် အခြေအနေများ ရှိ ပါသည်။ ၄င်းဖြစ်စဉ်တွင် “တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံ”သော တန်ဖိုးများသည် ပို၍ ထင်ရှားလာမှာ ဖြစ်ပါသည်။