ရှီကျင့်ဖိန် သည် Pham Minh Chinh နှင့် တွေ့ဆုံ

(GMT+08:00)2023-12-13 15:33:42  

    ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဟနွိုင်း မြို့တွင် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က လက်ရှိ တရုတ်-ဗီယက်နမ်ဆက်ဆံရေး ဆက်တိုက်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာနေကြောင်း၊ ယမန်နေ့က မိမိနှင့် အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန် တို့၏ ရှေ့မောက်တွင် နှစ်ဉီးနှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ခြင်းသည် တရုတ်-ဗီယက်နမ်ဆက်ဆံရေး၏ ကျယ်ပြန့်ခြင်းနှင့် နက်ရှိုင်းခြင်းကို အပြည့်အဝပြဆိုနိုင်ကြောင်း၊ မိမိနှင့် အထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန် တို့သည် မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် အတူတကွကြေညာပြီး ခေတ်သစ် တရုတ်- ဗီယက်နမ်ဆက်ဆံရေးအခန်းကဏ္ဍသစ်ကို ဖွင့်လှစ် ပေးခဲ့ကြကြောင်း၊ နှစ်နိုင်ငံပြည်သူများ အား ပိုမိုများပြားသော အကျိုးများ ဆောင်ကျဉ်းပေးလာပြီး ဒေသနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ကြွစွာ အကျိုးပြုစွမ်းဆောင်နိုင်ရန် ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။