ရှီကျင့်ဖိန် သည် ဗိုဗန်ထန်း နှင့် တွေ့ဆုံ

(GMT+08:00)2023-12-13 15:00:55  

ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဟနွိုင်းမြို့တွင် ဗီယက်နမ် နိုင်ငံသမ္မတ ဗိုဗန်ထန်း နှင့် တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် သမ္မတ ရှီကျင့်ဖိန် က ယမန်နေ့က မိမိသည် ပါတီအထွေထွေ အတွင်းရေးမှူး ငုယင်ဖူထရွန် နှင့် အချိန်ကြာကြာ နက်ရှိုင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ရာ မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် အတူတကွကြေညာ၍ နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍသစ်ကို လက်တွဲဖွင့်လှစ်ပေးခဲ့ကြောင်း၊ ၄င်းမှာ နှစ်ပါတီနှင့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များသည် တရုတ်-ဗီယက်နမ်ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေအားလုံးနှင့် ကမ္ဘာ့ဆိုရှယ်လစ်ဝါဒ အင်အားများ စည်းလုံးညီညွတ်သော မဟာဗျူဟာမြောက် အခြေအနေအားလုံးကနေ အရေးပါသော သမိုင်းဝင်ဆုံးဖြတ်ချက် ချမှတ်ခြင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏ အရင်းခံအကျိုး စီးပွားနှင့် ကိုက်ညီပြီး နှစ်နိုင်ငံဆက်ဆံရေးဦးတည်ချက်နှင့် လိုက်လျောညီထွေကြောင်း၊ သမိုင်းဝင်သစ်အစတွင် တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံနှင့်အတူ မဟာဗျူဟာမြောက် ဆက်သွယ်ရေးကို နက်ရှိုင်းစေပြီး မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်းကို အကောင်အထည်ဖော်ပြီး အောင်မြင်မှုရရှိရန် တွန်းအားပေးကာ နှစ်နိုင်ငံ ပြည်သူများအား အကျိုးပြုစွမ်းဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။