ဖုန်လိယွမ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၏ ဇနီးဖြစ်သူ Ngo Thi Min နှင့် ဗီယက်နမ်အမျိုးသမီးပြတိုက်သို့ လည်ပတ်ကြည့်ရှု

(GMT+08:00)2023-12-13 14:40:59  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ဇနီးဖုန်လိယွမ်သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong ၏ ဇနီး Ngo Thi Min ရဲ့  ဖိတ်ကြားချက်အရ ဟနွိုင်းမြို့ ဗီယက်နမ်အမျိုးသမီးပြတိုက်သို့ သွားရောက်လည်ပတ်ကြည့်ရှုပြီး လက်ဖက်ရည်သုံးဆောင်ခဲ့သည်။

ဖုန်လိယွမ် ရောက်ရှိလာသောအခါ Ng Thi Min က ကားဆင်းရာနေရာ၌ နွေးထွေးစွာကြိုဆိုခဲ့ပြီး "ဗီယက်နမ်မိခင်" ရုပ်တုရှေ့တွင် ဖုန်လိယွမ် နှင့် အတူ ဓာတ်ပုံရိုက်ခဲ့သည်။ ဖုန်လိယွမ်က တရုတ်နိုင်ငံသည် အမျိုးသားနှင့်အမျိုးသမီး တန်းတူညီမျှရေးကို လိုက်နာပြီး အမျိုးသမီးများ၏အခွင့်အရေးကို အကာအကွယ်ပေးရန် အလွန်အလေးထားကြောင်း၊ ဗီယက်နမ်တွင် အမျိုးသမီးများတိုးတက်ရေး၊ အမျိုးသမီးအဆင့်အတန်းတိုးတက်ရေးနှင့် အမျိုးသမီးအခွင့်အရေးကာကွယ်ရာတွင် အတွေ့အကြုံကောင်းများ စွာရှိပြီး နှစ်ဖက်အနေနှင့် ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးနိုင်ပြီး ပိုမိုများပြားသော အမျိုးသမီးများ၏ ကိုယ်ပိုင်ကံကြမ္မာကို ပြောင်းလဲရန်နှင့် ဘဝတန်ဖိုးကို အကောင်အထည်ဖော်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း ပြောကြားပါသည်။