နမူနာပုံစံမှ ထုတ်လုပ်ရောင်းချမှုအထိ ပြောင်းလဲလာပြီး လူတူစက်ရုပ်လုပ်ငန်း လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေ

(GMT+08:00)2023-12-13 14:43:16  

မကြာခင်ရက်များက စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနမှ “လူတူစက်ရုပ်များ ဆန်းသစ်တီထွင်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လမ်းညွှန်စာတမ်း” ထုတ်ပြန်ခဲ့ရာ လူတူစက်ရုပ်သည် ကွန်ပျူတာ၊ စမတ်ဖုန်း နှင့် စွမ်းအင်သစ်သုံးမော်တော်ကားပြီးနောက် ဆန်းသစ်တီထွင်သော ထုတ်ကုန် ဖြစ်နိုင်ဖွယ်ရာရှိပြီး ၂၀၂၅ ခုနှစ်မှာ အတိုင်းအတာ ကြီးမားစွာ ထုတ်လုပ်မှုကို အကောင်အထည်ဖော်ဆောင်ရန် ရှင်းလင်းစွာ ဖော်ပြထားသည်။

ပီကင်းမြို့ရှိ လူတူစက်ရုပ်များ စမ်းသပ်ခန်း တစ်ခန်းတွင် မှန်များကို သန့်ရှင်းရေးလုပ်ပြီး ကြမ်းတိုက်နေသည့် Cloud Based Intelligent လူတူ စက်ရုပ်များကို တွေ့ရသည်။