မော်တော်ကား ကုမ္ပဏီများသည် အဆင့်မြင့် Intelligent-driving မော်တော်ကားများ ထုတ်လုပ်ရန် ကြိုတင်ပြင်ဆင်

(GMT+08:00)2023-12-13 14:42:43  

မကြာခင်ရက်များက စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန အပါအဝင် အစိုးရ ဌာနလေးခု ပူးပေါင်း၍ အကြောင်းကြားလွှာ ထုတ်ပြန်ခဲ့ရာ Intelligent-connected မော်တော်ကားအပေါ် ခွင့်ပြုချက်နှင့် လမ်းပေါ် စမ်းသပ်ပြေးဆွဲမှုကို စီစဉ်ပေးပြီး L3 နှင့် L4 Intelligent-driving မော်တော်ကားများ သတ်မှတ်ထားသောဒေသ၏ လမ်းပေါ် စမ်းသပ်မောင်းနှင်နိုင်ကြောင်း ဖော်ပြထားသည်။ ယင်းသည် Intelligent-connected မော်တော်ကားများ၏ ဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ချက်နှင့် အနာဂတ် စီးပွားဖြစ် လမ်းကြောင်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။