ဖုန်လိယွမ် သည် Phan Thi Thanh Tam နှင့်အတူ ဟနွိုင်း အမျိုးသား တက္ကသိုလ်သို့ သွားရောက်လည်ပတ်ကြည့်ရှု

(GMT+08:00)2023-12-13 14:54:19  

    ဒီဇင်ဘာလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ဇနီး ဖုန်လိယွမ် သည် ဗီယက်နမ်နိုင်ငံသမ္မတ ဗိုဗန်ထန်း ၏ဇနီး Phan Thi Thanh Tam နှင့်အတူ ဟနွိုင်း အမျိုးသား တက္ကသိုလ်သို့ သွားရောက်လည်ပတ်ကြည့်ရှုခဲ့ပါသည်။
   
ဟနွိုင်း အမျိုးသား တက္ကသိုလ် ယဉ်ကျေးမှုစင်တာတွင် ဖုန်လိယွမ် နှင့် Phan Thi Thanh Tam တို့သည် တရုတ်ဘာသာစကားကို သင်ယူလေ့လာနေသော ဗီယက်နမ် ကျောင်းသူကျောင်းသားများနှင့် ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
   
ဖုန်လိယွမ် က ဘာသာစကားသည် ကူးလူးဆက်ဆံရန် ပေါင်းကူးတံတား ဖြစ် ကြောင်း၊ အားလုံးအား တရုတ်ဘာသာစကားကို ကောင်းကောင်းသင်ယူလေ့လာပြီး တရုတ်နိုင်ငံအကြောင်းကို ပိုမိုသိရှိနားလည်ကာ တရုတ်-ဗီယက်နမ် ယဉ်ကျေးမှု ကူးလူးဖလှယ်ရန် သံတမန်များ ဖြစ်လာ၍ တရုတ်-ဗီယက်နမ်ချစ်ကြည်ရေးလုပ်ငန်း လက်ဆင့်ကမ်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။