အစ္စရေးကာကွယ်ရေးဝန်ကြီးက အစ္စရေးတပ်ဖွဲ့သည် ဂါဇာဒေသတွင် “မြေအောက် စစ်ဆင်ရေးနက်ရှိုင်းစွာဆောင်ရွက်မှု” ပြုလုပ်နေဟု ဆို

(GMT+08:00)2023-12-13 14:44:00  

ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့က အစ္စရေးကာကွယ်ရေးဝန်ကြီး Galante က အစ္စရေးစစ်တပ်သည် ဂါဇာဒေသတွင် “မြေအောက်စစ်ဆင်ရေးနက်ရှိုင်းစွာဆောင်ရွက်မှု”  ပြုလုပ်နေကြောင်း ယခုလ ၁၂ ရက်နေ့က ပြောကြားခဲ့သည်ဟု Times of Israel သတင်းအရသိရပါသည်။

Galante က ဂါဇာဒေသတွင် မြေပြင်စစ်ဆင်ရေးဆောင်ရွက်မှုများအပြင် အစ္စရေး စစ်တပ် သည် ၄င်းဒေသ မြေအောက်တွင်လည်း ရှာဖွေရေးအလုပ်များ ဆောင်ရွက်ခြင်းဖြင့်  ဟားမတ်စ်၏ ကတုတ်ကျင်းများ၊ စစ်ခန်းများ၊ ဆက်သွယ်ရေးစင်တာများ၊ ခဲယမ်းမီးကျောက် တိုက်များနှင့် အစည်းအဝေးခန်းများစသည့် အဆောက်အဦများကို ရှာဖွေနေကြောင်းပြောကြား ခဲ့ပါသည်။