ရှီကျင့်ဖိန်သည် ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue နှင့် တွေ့ဆုံ

(GMT+08:00)2023-12-13 13:51:16  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော်တွင် ဗီယက်နမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue နှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာ၌ ရှီကျင့်ဖိန်သည် ဗီယက်နမ်က ကိုယ့်နိုင်ငံအခြေအနေနှင့် ကိုက်ညီသော ဆိုရှယ်လစ်လမ်းကြောင်း လျှောက်လှမ်းခြင်းကို တရုတ်နိုင်ငံက ခိုင်မာစွာထောက်ခံကြောင်း၊ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး Nguyen Phu Trong၏ ဦးဆောင်မှုတွင် ဗီယက်နမ် ပြည်သူများသည် ဆိုရှယ်လစ် တည်ဆောက်မှုနှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွင် ပိုမိုကြီးမားသောအောင်မြင်မှုများရရှိနိုင်မည်ဟု ယုံကြည်ကြောင်း၊ လာမည့်အဆင့်ကာလတွင် နှစ်ဦးနှစ်ဖက်တို့က ဥပဒေပြုရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် နယ်ပယ်အသီးသီး၌ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ပြီး တရုတ်-ဗီယက်နမ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။