ယခုနှစ်အတွင်း ရင်းနှီးမြုပ်နှံမှု စံချိန်တင် မြင့်မားခဲ့သည့် နိုင်ငံတစ်ဝှမ်း ဆည်မြောင်းတာတမံ အဆောက်အအုံ တည်ဆောက်ရေး

(GMT+08:00)2023-12-13 14:41:59  

ဒီဇင်ဘာလ ၁၂ ရက်နေ့က တရုတ်နိုင်ငံတော် ကောင်စီ သတင်းပြန်ကြားရေးရုံးမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆည်မြောင်းတာတမံ ဝန်ကြီးဌာနမှ တာဝန်ရှိသူက ယခုနှစ်အတွင်း ဆည်မြောင်းတာတမံ အခြေခံ အဆောက်အအုံ တည်ဆောက်မှု အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိ စီမံကိန်းအသစ် ၂၇၃၀၀ ကို စတင်ခဲ့ပြီး လွန်ခဲ့သည့်နှစ်အလားတူ အချိန်ပိုင်းကထက် ၁၀ ဒသမ ၅ ရာခိုင်နှုန်း တိုးမြင့်လာကာ သမိုင်း စံချိန်သစ် တင်နိုင်ခဲ့၍ ဆည်မြောင်းတာတမံ အဆောက်အအုံတည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှံမှု ယွမ် ၁၀၉၃ ဒသမ ၈ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၈ ဒသမ ၅ ရာခိုင်နှုန်း တိုးလာကာ ပြီးခဲ့သောနှစ်က ပြီးစီးခဲ့သည့် အတိုင်းအတာထက် ကျော်လွန်ပြီး သမိုင်းတစ်လျှောက် အများဆုံးဖြစ်ကြောင်း ပြေားကြားပါသည်။