ချီကာဂို၌ သီတင်းပတ်ကုန်တွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားသောကြောင့် အနည်းဆုံး လူ ၂၀ ပစ်ခတ်ခံရပြီး ၄ ဦး သေဆုံး

(GMT+08:00)2023-12-13 14:45:19  

  အမေရိကန်နိုင်ငံ ABC အသံလွှင့်ဌာန ချီကာဂို ချန်နယ်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်သည့်သတင်းအရ လွန်ခဲ့သည့် သီတင်းပတ်ကုန်အတွင်း အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀ ပစ်ခတ်ခံရကာ ၎င်းအနက် ၄ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ ချီကာဂိုရဲတပ်ဖွဲ့က ဒီဇင်ဘာလ ၈ရက်နေ့ ည ၉နာရီခန့်တွင် ချီကာဂိုတောင်ဘက်ရှိ လူနေရပ်ကွက်တစ်ခုမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း၊ ထိုနေ့ ည ၁၀နာရီခန့်တွင် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ကားမောင်းနေစဉ် ဦးခေါင်းကို သေနတ်ပတ်ခံရ၍ သေဆုံးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၉ရက်နေ့ ည ၁နာရီခန့်တွင် အမျိုးသား၃ဦးက လမ်းမပေါ်၌ အပြန်အလှန် ပစ်ခတ်ခဲ့ရာ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ကျန်၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုနေ့ ည၉ နာရီခန့်တွင် အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ရင်ဘတ်မှာ သေနတ်ဒဏ်ရာများဖြင့် ကားထဲတွင် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။