အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် အမေရိကန်၏ လူ့အခွင့်အရေးဆိုင်ရာ စံနှစ်မျိုးထားခြင်းကို နောက်တစ်ကြိမ် ဖော်ထုတ်ပြသ

(GMT+08:00)2023-12-13 14:44:37  

ပါလက်စတိုင်း-အစ္စရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မကြာမီ က ပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်သည့် အမေရိကန်သည် ဂါဇာဒေသမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ် ရပ်စဲရေးချက်ချင်းဖော်ဆောင်ရန် ပန်ကြားသည့် ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် ကို ဗီတိုအာဏာအသုံးပြုခဲ့ပါသည်။

ယခုအကြိမ်ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်တွင် သောင်းနှင့်ချီ သော လူများသည် တိုက်ပွဲများတွင် သေဆုံးပြီး၊ ဂါဇာဒေသသည် လူသားချင်းစာနာ ထောက်ထားမှုကပ်ဘေးတွင် ကျရောက်နေကြောင်း အကဲခတ်သူများက ဖော်ပြခဲ့ကြပါ သည်။