Ren’ai Reef ပင်လယ်ရပ်ဝန်းတွင် အရေးပေါ်အခြေအနေများ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်သည် လုံးဝတာဝန်ယူရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-12-12 11:44:57  

    ဒီဇင်ဘာလ ၁၁ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က ဖြေကြားရာတွင် ဒီဇင်ဘာလ ၁၀ရက်နေ့က ဖိလစ်ပိုင်နိုင်ငံသည် သင်္ဘောများကို စေလွှတ်ပြီး တရုတ်နိုင်ငံ နန်ဆားကျွန်းစုရှိ Ren’ai Reef ပင်လယ်ရပ်ဝန်းသို့ ကျူးကျော်ဝင်ရောက်ပြီး တရားမဝင် “သောင်တင်”နေသော စစ်သင်္ဘောအား ဆောက်လုပ်ရေးပစ္စည်းများ ပို့ဆောင်ရန် ကြံစည်ခဲ့ရာ တရုတ်ပင်လယ် စောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ တားဆီးခဲ့ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ထိုသို့လုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ထိခိုက်ပြီး တရုတ်သင်္ဘောများနှင့် အမှုထမ်းများ၏ လုံခြုံရေးကို ထိခိုက်၍ တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများအရ ဖိလစ်ပိုင်သင်္ဘောများကို လိုအပ်သော ဆောင်ရွက်မှုများကိုပြုလုပ်ခဲ့ကြောင်း၊ထိုသို့ဆောင်ရွက်မှုများသည် ပရော်ဖက်ရှင်နယ် ထိန်းသိမ်းပြီး တရားနည်းလမ်းကျကာ တရားဥပဒေနှင့် ကိုက်ညီကြောင်း၊ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဖိလစ်ပိုင်နိုင်ငံအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်သည်ဟု ဖော်ပြခဲ့ ကြောင်း၊ မကြာသေးမီက Ren’ai Reef ပင်လယ်ရပ်ဝန်းတွင် အရေးပေါ်အခြေအနေများ ကြိမ်ဖန်များစွာ ဖြစ်ပွားခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံသည် လုံးဝတာဝန်ယူရမည်ဖြစ်ကြောင်း၊ အရင်းအမြစ်မှာ ဖိလစ်ပိုင်နိုင်ငံသည် ကတိပြုချက်ကို ချိုးဖောက်ပြီး တရားမဝင် “သောင်တင်”နေသော စစ်သင်္ဘောအား ထွက်ခွာရန် ငြင်းပယ်လိုက်ကာ အမြဲတမ်းသိမ်းပိုက်နိုင်စေရန် ၄င်းအပေါ် အတိုင်းအတာကြီးမားစွာ အားဖြည့်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာဥပဒေများအရ လိုအပ်သော ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်မည် ဖြစ်ပြီး ကျူးကျော်ရန်စမှုမှန်သမျှကို ပြတ်ပြတ်သားသား ရင်ဆိုင် တုံ့ပြန်ကာ နိုင်ငံတော်၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသားကာကွယ်ထိန်းသိမ်းမည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။