ရှီကျင့်ဖိန် သည် ငုယင်ဖူထရွန် နှင့် တွေ့ဆုံ

(GMT+08:00)2023-12-12 19:17:32  

ဒီဇင်ဘာလ ၁၂ရက်နေ့ ညနေပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရွန် နှင့် ဟနွိုင်းမြို့မှာ တွေ့ဆုံခဲ့ ပါသည်။

သမ္မတ ရှီကျင့်ဖိန် က တရုတ်နိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံအား ဆိုရှယ်လစ် တည်ဆောက်ရေးလုပ်ငန်း ဆက်လက်တွန်းအားပေးရန် ပြတ်ပြတ်သားသား ထောက်ခံ ကြောင်း၊ အဆွေတော်အထွေထွေအတွင်းရေးမှူး ခေါင်းဆောင်အဖြစ်ထားသော ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုအောက်တွင် ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် အစိုးရတို့သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ၁၃ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ် များညီလာခံတွင် ချမှတ်ခဲ့သည့်တာဝန်များကို ချောမောစွာ အကောင်အထည်ဖော်မည် ဖြစ် ပြီး ဗီယက်နမ်ကွန်မြူနစ်ပါတီ ဖွဲ့စည်းတည်ထောင်သည့် အနှစ်၁၀၀နှင့် ဗီယက်နမ်နိုင်ငံ ဖွဲ့စည်းတည်ထောင်သည့် အနှစ်၁၀၀ ကြိုးပမ်းဆောင်ရွက်ရေးရည်မှန်းချက် နှစ်ခုကို အကောင်အထည်ဖော်ရန်အတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချထားမည် ဖြစ်ကြောင်း၊
    တရုတ်နိုင်ငံအနေဖြင့် မဟာဗျူဟာအမြင်နှင့် ရေရှည်ရှုထောင့်မှနေ တရုတ်-ဗီယက်နမ်ဆက်ဆံရေးကို အမြဲတမ်းရှုမြင်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရာတွင် ဗီယက်နမ်နိုင်ငံကို ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ မိမိအနေဖြင့် အဆွေတော် အထွေထွေအတွင်းရေးမှူးနှင့်အတူ တရုတ်-ဗီယက်နမ်နှစ်ပါတီနှင့် နိုင်ငံ၂နိုင်ငံအကြား ဆက်ဆံရေးအနေအထားသစ်ကို ကြေညာရန်၊ တရုတ်-ဗီယက်နမ်ဘက်စုံ မဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေသည့် အခြေခံ ပေါ်တွင် မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ်ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန် ဆန္ဒရှိကြောင်း၊
    နှစ်ဦးနှစ်ဖက်တို့၏ အတူတကွကြိုးပမ်းဆောင်ရွက်မှုများဖြင့် တရုတ်-ဗီယက်နမ် ဆက်ဆံရေးသည် အဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်မည် ဖြစ်ကြောင်း၊ တရုတ်-ဗီယက်နမ် နှစ်နိုင်ငံ၏ ဆိုရှယ်လစ်တည်ဆောက်ရေးလုပ်ငန်းသည် တစ်နေ့ထက်တစ်နေ့ ခြေလှမ်းမှန်မှန်ဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာကြီး၏ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးတို့အတွက် အကျိုးပြု စွမ်းဆောင်မှုသစ်များ ပြုလုပ်မည် ဖြစ်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။