တရုတ်နိုင်ငံသည် 'ဖြစ်ခြင်း' ငါးခုဖြင့် ရာသီဥတု ပြောင်းလဲခြင်း စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်း

(GMT+08:00)2023-12-12 10:35:47  

ဒူဘိုင်း၌ ကျင်းပနေသော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် သဘောတူစာချုပ် ၂၈ ကြိမ်မြောက် စာချုပ်ဝင်နိုင်ငံများ အစည်းအဝေး COP28 မှာ ကမ္ဘာ့ ရာသီဥတုအဖွဲ့ ဥက္ကဋ္ဌ Abdullah Ahmed Armandus က တရုတ်နိုင်ငံ၏ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရေးမှာ လုပ်တာ သိပ်ကောင်းတယ်၊ တရုတ်နိုင်ငံက မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတယ်ဟု ဖော်ပြခဲ့ပါတယ်။ တရုတ်နိုင်ငံသည်  'ဖြစ်ခြင်း' ငါးခုနှင့် နိုင်ငံတကာ ရာသီဥတု စီမံခန့်ခွဲရေးကို အစဉ်တစိုက် တက်ကြွစွာ တွန်းအားပေးခဲ့ပြီး COP28 အတွက် အပြုသဘောဆောင်သော အင်အားများကို ထည့်သွင်း ပေးနေပါသည်။

  တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများထဲမှာ အရေးကြီးသည့် နိုင်ငံ တစ်နိုင်ငံ၊ သမိုင်းပေး တာဝန် ပြောင်းလဲမှု မရှိသော ထွန်းသစ်စနိုင်ငံ တစ်နိုင်ငံ၊ စွမ်းအင် အသွင် ကူးပြောင်းမှုတွင် ထိုးဖောက်ပြီး တိုးတက်ရေးဆိုင်ရာ အကျိုးပြုစွမ်းဆောင်သည့်နိုင်ငံ၊ စီးပွားရေး လူမှုရေးနှင့် ပတ်ဝန်းကျင် ပေါင်းစပ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေး ဆောင်ရွက်သောနိုင်ငံနှင့် ကမ္ဘာ့ ရာသီဥတု စီမံခန့်ခွဲရေး၏ ဘက်ပေါင်းစုံ ဖြစ်စဉ်ကို တွန်းအားပေးသည့် လက်တွေ့ကျ ဆောင်ရွက်သည့်နိုင်ငံပင် ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် အထက်ပါ 'ဖြစ်ခြင်း' ငါးခုဖြင့် ရာသီဥတု ပြောင်းလဲခြင်း စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းပေးနေပါသည်။

   တောင်ဘက်ခြမ်းနိုင်ငံများ မိသားစုတွင် တစ်ခုအပါအဝင် အဖြစ်ဖြင့် တရုတ်နိုင်ငံသည် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တစိုက်မတ်မတ် လက်တွေ့ကျကျ တွန်းအားပေးကာ နိုင်ငံ ၁၆၀ ကျော်အား ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများကို ပံ့ပိုးပေးပြီး နိုင်ငံ ၁၅၀ ကျော်နှင့်အတူ Belt and Road ကို လက်တွဲ တည်ဆောက်ကြ၍ ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ဖော်ဆောင်ရေးအတွက် အကျိုးပြု စွမ်းဆောင်ပေးခဲ့ပါသည်။

  COP28 သည် လူသားများက ဘုံစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် ပလက်ဖောင်း ဖြစ်ပြီး တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဆောင်ရွက်နေ၍ အနာဂတ်တွင်လည်း ဆက်လက် ပါဝင်ဆောင်ရွက်သွားမည်ဟု China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။