အပြန်အလှန်အကျိုးပြုသော မိတ်ဖက်အနေနှင့် တရုတ်-ဗီယက်နမ် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူများကို အကျိုးဆောင်

(GMT+08:00)2023-12-12 12:08:39  

ယခုနှစ်သည် တရုတ်နှင့် ဗီယက်နမ် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု တည်ထောင်ခြင်း ၁၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်။ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ ရဲဘော်ကောင်း၊ မိတ်ဖက်ကောင်းများအနေနှင့် တရုတ်နှင့် ဗီယက်နမ်တို့သည် "Belt and Road" ပူးပေါင်းတည်ဆောက်ရေးနှင့် " Two corridors and one circle " ချိတ်ဆက်မှုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု ကွင်းဆက် နှင့် ထောက်ပံ့မှု ကွင်းဆက် တည်ငြိမ်မှုကို ထိန်းသိမ်းထားပြီး စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တိုးမြှင့်ပေး ဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားကုန်သွယ်ရေးဆက်ဆံမှုအရည်အသွေးကောင်းမွန်စွာ တိုးတက်ခြင်းကို တွန်းအားပေးပြီး နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် အောင်ကျိူးရလာဒ်များစွာရရှိပါကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။