တရုတ်-ဗီယက်နမ် ရထားလမ်းကျဉ်း ကုန်တင်ရထားများ အကြိမ်ပေါင်း ၄၂၆၀ ကျော် ပြေးဆွဲပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်များ စုစုပေါင်း တန်ချိန် ၁.၆၈ သန်းကျော် ပို့ဆောင်ခဲ့

(GMT+08:00)2023-12-12 12:29:03  

တရုတ်နိုင်ငံရထားအုပ်စု ကူမင်းကုမ္ပဏီလီမိတက်မှ ရရှိသည့်အချက်အလက်များအရ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံခိုင်းယွမ်မြို့မှ ဗီယက်နမ်နိုင်ငံ ဟိုင်ဖန်မြို့ကြား တရုတ်-အာရှ ရထားလမ်းကျဉ်း ကုန်တင်ရထားများ အကြိမ်ပေါင်း  ၄၂၆၀ ကျော် ပြေးဆွဲခဲ့ပြီး နယ်စပ်ဖြတ်ကျော် ကုန်စည်များ စုစုပေါင်း တန်ချိန် ၁.၆၈ သန်းကျော်ကို ပို့ဆောင်ခဲ့ကြောင်း သိရပါသည်။ လွန်ခဲ့သည့် ၅နှစ်အတွင်း တရုတ်-အာရှ ရထားလမ်းကျဉ်း ကုန်တင်ရထားများသည် တရုတ်-ဗီယက်နမ် ရထားလမ်းကျဉ်း နိုင်ငံတကာ ပူးတွဲပို့ဆောင်ရေးလမ်းများ၏ ၄၀ ရာခိုင်နှုန်းရှိပြီး အင်ဒိုချိုင်းနား(Indochina)၏ လျင်မြန်သောသယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ထိုးဖောက်၍ တရုတ်နှင့်ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းစသည့် နိုင်ငံများကြား ပြည်တွင်းပြည်ပ လည်ပတ်မှုနှစ်ရပ် ပို့ဆောင်ရေးလမ်းကြောင်းကို အကောင်အထည်ဖော်ဆောင်ခဲ့ပါသည်။