တောင်ကိုရီးယားအခြေစိုက် အမေရိကန်စစ်တပ်၏ F-16 တိုက်လေယာဉ်တစ်စင်း တောင်ကိုရီးယားတွင် ပျက်ကျသွားပြီး လေယာဉ်မှူး အသက်ဘေးမှလွတ်မြောက်ခဲ့

(GMT+08:00)2023-12-12 10:30:52  

ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က တောင်ကိုရီးယားနှင့် အမေရိကန် စစ်တပ်မှ သတင်းအရ  တောင်ကိုရီးယားနိုင်ငံအခြေစိုက် အမေရိကန်စစ်တပ်၏ F-16 တိုက်လေယာဉ်တစ်စင်းသည် တောင်ကိုရီးယားနိုင်ငံအနောက်ပိုင်းပင်လယ်ပြင်တွင် ပျက်ကျခဲ့ကြောင်း၊ လေယာဉ်မှူးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း သိရပါသည်။ ယင်းလေယာဉ်သည် ထိုနေ့ နံနက် ၉ နာရီခန့်က Gunsan-si လေတပ်စခန်းမှ စတင်ပျံသန်းခဲ့ပါသည်။ လေယာဉ်မှူးကို ပင်လယ်ပြင်မှာ ကယ်ဆယ်ရရှိစဉ် သတိကောင်းမွန်သောအနေအထားမှာရှိကြောင်း တောင်ကိုရီးယားစစ်ဘက်မှ သတင်းအရသိရပါသည်။