ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေး ဘေကျင်းမြို့တွင် ကျင်းပ

(GMT+08:00)2023-12-12 20:07:12  

ဒီဇင်ဘာလ ၁၁ရက်နေ့မှ ၁၂ရက်နေ့အထိ တရုတ်ဗဟိုစီးပွားရေးလုပ်ငန်း အစည်းအဝေးကို ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။

သမ္မတ ရှီကျင့်ဖိန် သည် မိန့်ခွန်းပြောကြားရာတွင် ၂၀၂၃ခုနှစ် စီးပွားရေးလုပ်ငန်းကို က်စုံစုပေါင်းသုံးသပ်ပြီး လက်ရှိစီးပွားရေးအခြေအနေကို နက်ရှိုင်းစွာ သုံးသပ် အကဲဖြတ်ကာ ၂၀၂၄ခုနှစ် စီးပွားရေးလုပ်ငန်းကို စနစ်တကျစီစဉ်ထားခဲ့ပါသည်။ ဝန်ကြီးချုပ် လီချန် သည် မိန့်ခွန်းပြောကြားရာတွင် သမ္မတ ရှီကျင့်ဖိန်၏ အရေးကြီး မိန့်ခွန်း၏ ရည်မှန်းချက် ကြောင်းအရာများ အကောင်အထည်ဖော်ရန်နှင့် လာမည့်နှစ်တွင် စီးပွားရေးလုပ်ငန်းကို ကောင်းမွန်စွာ လုပ်ဆောင်ရန်အတွက် လိုအပ်ချက်များ တင်ပြခဲ့ပါသည်။
 
  ခြုံပြီးကြည့်လျှင် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရာတွင် အဆင်မပြေသည့် အချက်များထက် အဆင်ပြေသည့်အချက်များ ပိုမိုများပြားကြောင်း၊ စီးပွားရေး ပြန်လည်ဦးမော့လာပြီး ရေရှည် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာရန် အခြေခံအနေအထား ပြောင်းလဲခြင်း မရှိဘဲ ယုံကြည်စိတ်ကို မြှင့်တင်ရကြောင်း အစည်းအဝေးတွင် ထောက်ပြထားပါသည်။
   
   အစည်းအဝေး၌ လာမည့်နှစ်တွင် အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး စီးပွားရေးလုပ်ငန်းကို ကောင်းမွန်စွာလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ပထမအချက်အနေဖြင့် သိပ္ပံနည်းပညာဆန်းသစ်တီထွင်ရေးဖြင့် ခေတ်မီကုန်ထုတ်လုပ်ငန်းစနစ် တည်ဆောက်ရေး ကို ဦးဆောင်ခြင်း ဖြစ်ကြောင်း၊ ဒုတိယအချက်အနေဖြင့် ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ခြင်း ဖြစ်ကြောင်း၊ တတိယအချက်အနေဖြင့် အဓိကနယ်ပယ်များတွင် ပြုပြင် ပြောင်းလဲရေးကို ဇောက်ချပြုလုပ်ခြင်း ဖြစ်ကြောင်း၊ စတုတ္ထအချက်အနေဖြင့် အဆင့် အတန်းမြင့်မားသော တံခါးဖွင့်ရေးကို တိုးချဲ့လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ပဉ္စမအချက်အနေဖြင့် အဓိကနယ်ပယ်များတွင် ရင်ဆိုင်နေရသော အန္တရာယ်များကို ဆက်တိုက်ထိရောက်စွာ ကာကွယ်ခြင်း ဖြစ်ကြောင်း၊ ဆဋ္ဌမအချက်အနေဖြင့် လယ်ယာ စိုက်ပျိုးရေး၊ ကျေးလက်ဒေသနှင့် လယ်သမားလုပ်ငန်းများကို ဦးလည်မသုန်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သတ္တမအချက်အနေဖြင့် မြို့ပြကျေးလက်ဒေသ ပေါင်းစပ်မှုနှင့် မတူညီသော ဒေသများ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ အဋ္ဌမအချက် အနေဖြင့် ဂေဟစနစ်ယဉ်ကျေးမှုတည်ဆောက်ရေးနှင့် အစိမ်းရောင် ကာဗွန်ထုတ်လွှတ်မှု နည်းအောင်ဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းစွာ တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ နဝမအချက် အနေဖြင့် ပြည်သူ့နေထိုင်မှုဘဝကို အာမခံပေးပြီး ကောင်းမွန်တိုးတက်လာစေခြင်း ဖြစ်ကြောင်း အလေးထားဖော်ပြထားပါသည်။