တရုတ်-မလေးရှား နှစ်နိုင်ငံ "Belt and Road" ပူးပေါင်းတည်ဆောက်မှု အစီအစဉ်ဖြစ်သည့် မလေးရှား အရှေ့ဘက်ကမ်းရိုးတန်းမီးရထားလမ်းစီမံကိန်း စတင်ခြင်းအခမ်းအနား ကျင်းပ

(GMT+08:00)2023-12-12 10:30:07  

ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က မလေးရှားနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမီးရထားလမ်းစီမံကိန်းစတင်ခြင်း အခမ်းအနားကို မလေးရှားနိုင်ငံ Kuantan မြို့တွင် ကျင်းပခဲ့ရာ မလေးရှားနိုင်ငံအဆင့်မြင့်အကြီးအကဲ Al-Sultan Abdullah တက်ရောက်ခဲ့ပါသည်။ မလေးရှားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမီးရထားလမ်းသည် စုစုပေါင်းအရှည် ကီလိုမီတာ ၆၀၀ ကျော် ရှိပြီး "Belt and Road" ကိုယ်စားပြုစီမံကိန်းဖြစ်ကာ မလေးရှား၏ အရှေ့ဘက်နှင့် အနောက်ဘက် ကမ်းရိုးတန်းကို ဆက်သွယ်ပေးသော “ကုန်းမြေတံတား” ဟု အသိအမှတ်ပြုခံရပါသည်။ ယင်းသည် မလေးရှားနိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်းမီးရထားလမ်းတည်ဆောက်မှု အဆင့်သစ်သို့ ဝင်ရောက်သည့် သဘောဆောင်နေပါသည်။