ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံအမတ်ကြီးက တရုတ်တောင်ပင်လယ်တွင် ဖိလစ်ပိုင်ဘက်မှ ကျူးကျော်ရန်စမှုအပေါ် တည်ကြည်လေးနက်စွာ အရေးဆိုကန့်ကွက်

(GMT+08:00)2023-12-12 12:24:56  

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်သည် ယခုလ ၁၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံခြားရေး ဒုဝန်ကြီး လာဇာရိုနှင့် တွေ့ဆုံပြီး ယခုရက်များမှာ ဖိလစ်ပိုင်ဘက်က Huang yan ကျွန်း နှင့် Ren'ai Reef အနီး ပင်လယ်ရပ်ဝန်းသို့ ဝင်ရောက် ကျူးကျော် ရန်စခဲ့ခြင်း နှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်ဘက်အား တည်ကြည်လေးနက်စွာ အရေးဆိုကြောင်းနှင့် ပြင်းပြင်း ထန်ထန်ကန့်ကွက်ကြောင်းပြောကြားခဲ့ပါသည်။

ဟွမ်ရှီးလျန်က Huang yan ကျွန်း နှင့် Ren'ai Reef တို့သည် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်ပြီး၊ တရုတ်နိုင်ငံသည် တရုတ်တောင်ပင်လယ်ကျွန်းများနှင့် အနီး ပင်လယ်ရပ်ဝန်များအပေါ် မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိသကဲ့သို့ သက်ဆိုင်ရာ ပင်လယ်ရပ်ဝန်းများအပေါ်လည်း အချုပ်အခြာအာဏာပိုင်ခွင့်ရှိကြောင်း အလေးထားပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။