ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခမှာ နှစ်ဖက်တွင် လူပေါင်း ၁၉၆၀၀ ကျော် သေဆုံး

(GMT+08:00)2023-12-12 12:09:02  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေပိုင်းက ဂါဇာဒေသ ကျန်းမာရေးဌာနမှ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် နာရီပိုင်းအတွင်း အစ္စရေးက ဂါဇာဒေသကို တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀၈ဦး သေဆုံးပြီး  ၄၁၆ဦး ဒဏ်ရာရရှိကာ သေဆုံးသူ အများအပြားသည် အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်းသိရပါသည်။ အောက်တိုဘာလ ၇ ရက်နေ့ကတည်းက အစ္စရေးမှ ဂါဇာဒေသကို တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၈၂၀၅ ဦး သေဆုံးပြီး ၄၉၆၄၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ယခုအချိန်အထိ ပဋိပက္ခကြောင့် ပါလက်စတိုင်းနှင့် အစ္စရေးနှစ်ဖက်စလုံးတွင် လူပေါင်း ၁၉၆၀၀ ကျော် သေဆုံးခဲ့သည်ဟု သတင်းရရှိပါသည်။