ရှီကျင့်ဖိန်၏ ဆောင်းပါးကို ဗီယက်နမ် မီဒီယာတွင် ထုတ်ပြန်

(GMT+08:00)2023-12-12 12:25:20  

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ တရားဝင်ခရီးစဉ်စတင်တော့မည့်အခါသမယ၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဗီယက်နမ်ပြည်သူ့နေ့စဉ်သတင်းစာတွင် “မဟာဗျူဟာမြောက် တရုတ်-ဗီယက်နမ်ကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ပြီး ခေတ်မီရေးကို လက်တွဲ ဦးတည်သော ကဏ္ဍသစ်ဖွင့်လှစ်ခြင်း” ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ရေးသားထုတ်ပြန်ခဲ့ပါ သည်။

ထိုဆောင်းပါးတွင် ရှီကျင့်ဖိန်က ယခုနှစ်သည် တရုတ်-ဗီယက်နမ် ဘက်စုံမဟာဗျူဟာ မြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဘက်ဆက်ဆံမှုထားရှိခဲ့သည့် ၁၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲပြောင်းလဲ၊ တရုတ်- ဗီယက်နမ် ပါတီ ၂ ရပ်နှင့် တရုတ်- ဗီယက်နမ် နှစ်နိုင်ငံတို့သည် ငြိမ်းချမ်းတည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အတူရှာကြံကာ လူသားများ ကံကြမ္မာတူ အသိုက်အဝန်းအတူ တည်ဆောက်ရန် ထွန်းလင်းသောလမ်းအတိုင်း လျှောက်လှမ်းသွားကြ မည်ဖြစ်ကြောင်းအလေးထားဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။