ဖိလစ်ပိုင်သင်္ဘောများသည် Ren'ai Reef သို့ တရားမဝင် ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တုံ့ပြန်ပြောဆို

(GMT+08:00)2023-12-11 16:30:49  

တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Gan Yu က ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖိလစ်ပိုင်ဘက်သည် တရုတ်ဘက်မှ ကြိမ်ဖန်များစွာ ဖျောင်းဖျမှုနှင့် သတိပေးမှုကို လျစ်လျူရှုပြီး ပင်လယ်စောင့်ကြပ်ရေးသင်္ဘော ၂ စင်း၊ အစိုးရ သင်္ဘော ၁ စင်းနှင့် ထောက်ပံ့ရေးသင်္ဘော ၁ စင်းတို့ကို စေလွှတ်ကာ တရုတ်နိုင်ငံ နန်ဆား ကျွန်းစုရှိ Ren'ai Reef နှင့် အနီးတဝိုက်ပင်လယ်ရပ်ဝန်းသို့ တရားမဝင် ဝင်ရောက်ပြီး တရားမဝင် “သောင်တင်”နေသော စစ်သင်္ဘောအား ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ခဲ့ကြောင်း၊

တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူ ပို့ဆောင်သည့် ဖိလစ်ပိုင်သင်္ဘော “Kalayaan”ကို ဥပဒေအရ ထိန်းချုပ်ခဲ့ကြောင်း၊ အစားအစာ စသည့်နေထိုင်မှုပစ္စည်းများ သယ်ယူပို့ဆောင်သည့် ဖိလစ်ပိုင်သင်္ဘော“Yunaza May” နံပါတ် ၁ ကို ယာယီအထူးစီစဉ်ပေးခဲ့ကြောင်း၊ တရုတ်ဘက်၏ လက်တွေ့လုပ်ဆောင် ချက်များသည် တရားနည်းလမ်းကျပြီး တရားဥပဒေနှင့် ကိုက်ညီကာ ပရော်ဖက်ရှင်နယ် စံကိုက်ခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်ပင်လယ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့မှ သင်္ဘောများနှင့် တမင်သက်သက်ထိမိပြီး ဖိလစ်ပိုင်ဘက်က လုံးဝ တာဝန်ယူရကြောင်း၊

တရုတ်နိုင်ငံသည် Ren'ai Reef အပါအဝင် နန်ဆား ကျွန်းစုနှင့် အနီးတဝိုက် ပင်လယ်ရပ်ဝန်းအပေါ် မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့်ရှိကြောင်း၊ တရုတ် ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့အနေဖြင့် တရုတ်ပိုင်နက်ပင်လယ်ရပ်ဝန်းတွင် အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုများကို ဥပဒေအရ ဆက်လက် ဆောင်ရွက်မည် ဖြစ်ပြီး နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပင်လယ်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။