၂၀၂၃ ခုနှစ်တွင် တရုတ်တစ်နိုင်ငံလုံး စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၆၉၅ ဒသမ ၄၁ သန်းရှိပြီး စံချိန်သစ်တင်ခဲ့သည်

(GMT+08:00)2023-12-11 14:03:30  

တရုတ်နိုင်ငံတော်စာရင်းအင်းဌာနမှသတင်းအရ တရုတ်တစ်နိုင်ငံလုံး စားနပ်ရိက္ခာ ထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၆၉၅ ဒသမ ၄၁ သန်းရှိပြီး လွန်ခဲ့သည့် ၂၀၂၂ခုနှစ်ကထက် တန်ချိန် ၈ ဒသမ ၈၈ သန်း၊  ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ ၎င်းတို့အနက် ကောက်ပဲသီးနှံထုတ်လုပ်မှုပမာဏမှာ တန်ချိန် ၆၄၁ ဒသမ ၄၃ သန်းရှိပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တန်ချိန် ၈ ဒသမ ၁၉ သန်း၊ ၁ ဒသမ ၃ ရာခိုင်နှုန်း တိုးမြင့်ခဲ့သည်ဟုသိရပါသည်။