ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် လက်လွှတ်မည်မဟုတ်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကတိပြု

(GMT+08:00)2023-12-11 14:04:16  

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ၁၀ ရက်နေ့က ကာတာနိုင်ငံတွင် ဒိုဟာဖိုရမ် တက်ရောက်ခဲ့ပြီး နိုင်ငံတကာအငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် အဓိကပလက်ဖောင်း မှာ ပထဝီနိုင်ငံရေးအရ ကွဲပြားမှုများကြောင့် ပိတ်မိနေသော်လည်း မိမိအနေနှင့် ဂါဇာမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးရန် လက်လွှတ်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ပါလက်စတိုင်းနှင့် အစ္စရေးတို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရေးကို မြှင့်တင်ရန် ရည်ရွယ်သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မူကြမ်းကို ၈ ရက်နေ့တွင် အမေရိကန်က ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ နိုင်ငံတော်တော်များများက ယင်းအပေါ် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုကြပါသည်။