“ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ Season-2” (ဗီယက်နမ် ဘာသာ) ရုပ်သံအစီအစဉ်ကို ဗီယက်နမ်၌ စတင် ထုတ်လွှင့်

(GMT+08:00)2023-12-11 16:45:43  

 တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံသို့ ခရီးလှည့်လည်တော့မည့် အခါသမယတွင် China Media Group မှ ပြုလုပ်ပြုစုသော “ရှီကျင့်ဖိန် နှစ်သက်သဘောကျသည့် ဂန္ထဝင်စာသားများ Season-2” (ဗီယက်နမ် ဘာသာ) ရုပ်သံအစီအစဉ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ စတင် ထုတ်လွှင့်ခဲ့ပါသည်။ အစီအစဉ် စတင် ထုတ်လွှင့်ပွဲ အခမ်းအနားတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ၊ ဗီယက်နမ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ ဗီယက်နမ်အသံ အသံလွှင့်ဌာန ဥက္ကဋ္ဌတို့ အမှာစကားများ အသီးသီး ပြောကြားခဲ့ပါသည်။

   ရှင့်ဟိုင်ရှုံက ယခုနှစ်သည် တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှု ထားရှိခဲ့သည့် ၁၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊ China Media Group သည် တရုတ် အမျိုးသား ယဉ်ကျေးမှု ရသများနှင့် ခေတ်၏ ရှင်သန်မှုများ ပြည့်နှက်နေသော ဤရုပ်သံအစီအစဉ်ကို ဗီယက်နမ် ပရိသတ်များအား မိတ်ဆက်ပေးပြီး ဂန္ထဝင်စာသားများပါ ရှီကျင့်ဖိန်၏ နိုင်ငံတော် စီမံခန့်ခွဲရေးဆိုင်ရာ ဉာဏ်ပညာများနှင့် အတွေ့အကြုံများအား အားလုံးကို မျှဝေပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။