ဖိလစ်ပိုင်သင်္ဘောများ Huang yan ကျွန်းသို့ တရားမဝင် ဝင်ရောက်ကျူးကျော်ခြင်းကြောင့် တရုတ်ပင်လယ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့သည် ဥပဒေအရ လိုအပ်သော ဆောင်ရွက်ချက်များဖြင့် နှင်ထုတ်

(GMT+08:00)2023-12-11 14:07:48  

ယခုလ ၉ ရက်နေ့က ဖိလစ်ပိုင် ငါးလုပ်ငန်းနှင့် ရေအရင်းအမြစ် ဦးစီးဌာနမှ သင်္ဘော ၃ စင်းတို့သည် တရုတ်ပြည်ဘက်မှ ကြိမ်ဖန်များစွာ ဖျောင်းဖျမှုနှင့် သတိပေးမှုကို  လျစ်လျူရှုပြီး၊ တရုတ်နိုင်ငံ Huang yan ကျွန်း အနီး ပင်လယ်ရပ်ဝန်းသို့ ဝင်ရောက် ကျူးကျော်ခဲ့ပါသည်။

တရုတ်ပင်လယ်စောင့်ကြပ်ရေးသင်္ဘောက  ကြိမ်ဖန်များစွာ သတိပေးခဲ့သော်လည်း ထိရောက်မှုမရှိသည့်အခြေအနေမျိုးတွင် ဖိလစ်ပိုင်သင်္ဘောများကို ဥပဒေအရ လိုအပ်သော ဆောင်ရွက်ချက်များဖြင့် နှင်ထုတ်ခဲ့ရာ၊ လက်တွေ့ လုပ်ဆောင်ချက်များသည် ပရော်ဖက်ရှင်နယ် စံကိုက်ကာ၊ တရားနည်းလမ်းကျပြီး  တရားဝင် ဖြစ်ပါသည်။ တရုတ်နိုင်ငံ သည် Huang yan ကျွန်းနှင့် ၎င်း၏ အနီး ပင်လယ် ရပ်ဝန်းများ အပေါ် မငြင်းသာသော အချုပ်အခြာ အာဏာပိုင်ခွင့် ရှိသကဲ့ သို့ သက်ဆိုင်ရာ ပင်လယ်ရပ်ဝန်းများအပေါ် လည်း အချုပ်အခြာအာဏာ ပိုင်ခွင့် ရှိပါသည်။