တရုတ်ပြည်သူ့လုံခြုံရေးဌာနများသည် Bai Suocheng ၊ Wei Huairen အပါအဝင် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများကို ဆောင်ရွက်ခဲ့သည့်ခေါင်းဆောင် ၁၀ယောက် ကို ဆုကြေးငွေပေးပြီး ဖမ်းဆီးရန် ဆုံးဖြတ်

(GMT+08:00)2023-12-11 14:09:35  

ကာလရှည်ကြာအတွင်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ ပြစ်မှုကျူးလွန်သူအုပ်စုများသည် ဆက်သွယ်ရေးလိမ်လည်မှုနေရာ များစွာကို စည်းရုံး ဖွင့်လှစ်ပြီး တရုတ်ပြည်သူများအပေါ် ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှုများကို ဆောင်ရွက်ကာ လိမ်လည်မှုများကို လက်နက်ကိုင်ဆောင်မှုဖြင့် ပြောင်ပြောင်တင်းတင်း ကာကွယ်ပေးခဲ့ရာ အန္တရာယ်ထိခိုက်မှု အလွန်ပြင်းထန်၍ ပြည်သူလူထုက မကျေမနပ် ဖြစ်ကြပါသည်။
    မြန်မာနိုင်ငံမြောက်ပိုင်းရှိ တရုတ်ပြည်သူများအပေါ် ဆက်သွယ်ရေးအွန်လိုင်း လိမ်လည်မှုများကို ဥပဒေအရ နှိမ်နင်းတိုက်ဖျက်ရန်၊ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်လုံခြုံရေး၊ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းရန်အတွက် မကြာသေးမီက သက်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုအချက် အလက်များနှင့် သက်သေအထောက်အထားများပေါ် အခြေခံပြီး တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တာ့လျန်ပြည်သူ့လုံခြုံရေးဌာနသည် Bai Suocheng ၊ Bai Yingcang (ခ)   Li Yunchen နှင့် Bai Yinglan (ခ) Li Mengna တို့ကို ဆုကြေးငွေပေးပြီး ဖမ်းဆီးရန်၊ ဖူကျန့်ပြည်နယ် ချွမ်ကျိုးပြည်သူ့လုံခြုံရေးဌာနသည် Wei Huairen ၊ Wei Rong (ခ) Chen Rong နှင့် Wei Qingsong (ခ) Yang Song တို့ကို ဆုကြေးငွေပေးပြီး ဖမ်းဆီးရန်၊ ဖူကျန့်ပြည်နယ် လုံယမ်းပြည်သူ့လုံခြုံရေးဌာနသည် Liu Zhengxiang ၊ Liu Jiguang (ခ) Li Huaguang နှင့် Liu Zhengmao တို့ကို ဆုကြေးငွေပေးပြီး ဖမ်းဆီးရန်၊ ချုံကင်းမြို့ပြည်သူ့လုံခြုံရေးဌာနသည် Xu Laofa (ခ) Xu Faqi ကို ဆုကြေးငွေပေးပြီး ဖမ်းဆီရန် ဆုံးဖြတ်ခဲ့ကြပါသည်။