လီချန်သည် နိုင်ငံတကာ ခြင်္သေ့အသင်း အကြီးအကဲ ဟီလယ်နှင့် တွေ့ဆုံ

(GMT+08:00)2023-12-11 14:06:07  

ဒီဇင်ဘာလ ၁၀ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်သည် ပြည်သူ့ခန်းမဆောင်ကြီးတွင် နိုင်ငံတကာ ခြင်္သေ့အသင်းအကြီးအကဲ ဟီလယ်နှင့် တွေ့ဆုံခဲ့သည်။

လီချန်သည် နိုင်ငံတကာ ခြင်္သေ့အသင်းက တရုတ်နိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၏ ပရဟိတလုပ်ငန်းများတွင်  အကြိုးဆောင်မှုများကို ချီးကျူး၍ တရုတ်နိုင်ငံတွင် မျက်စိကွယ်မှု ကာကွယ်ခြင်းနှင့် ကုသခြင်းအတွက် ရေရှည်ပံ့ပိုးမှုအား ကျေးဇူးတင်ကြောင်း  ပြောကြား ခဲ့သည်။

ဟီလယ်က တရုတ်နိုင်ငံသည်  နိုင်ငံတကာ ပရဟိတလုပ်ငန်းများတွင် ပါဝင်ကူညီ ပေးမှု အတွက် ကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတကာ ခြင်္သေ့အသင်းက တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူကို စွဲကိုင်ကာ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ပြီး တစ်ကမ္ဘာလုံးနှင့် တရုတ်နိုင်ငံ၏ ပရဟိတ လုပ်ငန်းများကို တိုးမြှင့် ပေးလိုပါကြောင်း ပြောကြား ခဲ့ပါသည်။