ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေအဖြစ် ထားသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ၂၀၂၃ ခုနှစ် တရုတ်စီးပွားရေးသည် အရည်အသွေး မြင့်မားစွာ ထိထိရောက်ရောက် တိုးတက်လာ

(GMT+08:00)2023-12-11 13:59:41  

ယခုနှစ်အတွင်း မတည်မငြိမ် ဖြစ်သည့် နိုင်ငံတကာ နိုင်ငံရေးနှင့် စီးပွားရေး ပတ်ဝန်းကျင်နှင့် လေးနက်သော ပြည်တွင်း ပြုပြင်ပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေး တာဝန်များကို ရင်ဆိုင်လျက် တရုတ်နိုင်ငံ စီးပွားရေးသည် အခက်အခဲများကို ကျော်လွှားပြီး တိုးတက်လာခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံ အစီရင်ခံစာတွင် ပါတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်က စီးပွားရေးကို အရည်အသွေးအရ ထိရောက်စွာ တိုးမြှင့်ဖို့နှင့် အတိုင်းအတာအရ တရားနည်းလမ်းကျစွာ တိုးမြှင့်ဖို့ ဖော်ဆောင်ရန် တွန်းအားပေးရမည်ဟု ရှင်းလင်းပြတ်သားစွာ ဖော်ပြခဲ့ပါသည်။

ယခုနှစ်အတွင်း ရဲဘော် ရှီကျင့်ဖိန်ကို အမြုတေအဖြစ် ထားသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပါတီတစ်ရပ်လုံးနှင့် တစ်ပြည်လုံးမှ တိုင်းရင်းသားပေါင်းစုံ ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ပြင်ပမှ လာသော ဖိအားများနှင့် ပြည်တွင်းမှ အခက်အခဲများကို ကျော်လွှားပြီး ပြည်တွင်း ဝယ်လိုအား တိုးချဲ့ခြင်း၊ စီးပွားရေး ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်း၊ ယုံကြည်စိတ်ကို တိုးမြှင့်ခြင်း၊ အန္တရာယ်များကို ကြိုတင်ကာကွယ် ဖြေလျှော့ခြင်းတို့ကို အလေးထား ဖော်ဆောင်ခဲ့၍ တရုတ်ပြည် စီးပွားရေးကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ပါသည်။

   ပါတီအတွင်းရေးမှူး ရှီကျင့်ဖိန်က ဒီဇင်ဘာလ ၈ ရက်နေ့မှာ ကြီးမှူး ကျင်းပခဲ့သည့် ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အစည်းအဝေးတွင် ယခုနှစ် စီးပွားရေး လုပ်ငန်းများကို စုပေါင်းသုံးသပ်အကဲဖြတ်ခဲ့ရာ၌ တရုတ်ပြည် စီးပွားရေးသည် ကောင်းမွန်စွာ နာလန်ပြန်ထူလာပြီး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ တွန်းအားပေးနိုင်ခဲ့ကြောင်း၊ ခေတ်မီရေး ကုန်ထုတ်လုပ်မှု စည်းစနစ် တည်ဆောက်ရေးတွင် အရေးကြီး တိုးတက်မှုများ ရရှိခဲ့ပြီး သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးတွင် ထိုးဖောက်တိုးတက်မှုသစ်များ ရရှိခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးကို ဇောက်ချ တိုးမြှင့်ခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု လုံခြုံရေး အခြေခံများ ခိုင်ခံ့လာကြောင်း၊ ပြည်သူလူထု၏ နေထိုင်မှုဘဝကို ထိရောက်စွာ အာမခံ ပေးနိုင်ခဲ့ပြီး ဆိုရှယ်လစ် ခေတ်မီရေးနိုင်ငံ ဘက်စုံ တည်ဆောက်ရေးသည် ခိုင်ခံ့စွာ ချီတက် လာကြောင်း ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။