ထိုင်းနိုင်ငံ Pathum Thaniပြည်နယ်ရှိ ဘောလုံးကွင်းတစ်ခုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွား

(GMT+08:00)2023-12-11 13:57:33  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းနိုင်ငံ Pathum Thani ပြည်နယ်၌ကျင်းပသည့် ဘောလုံးပြိုင်ပွဲတွင် ဘောလုံးဝတ်စုံဝတ်ထားသော လူသုံးလေးဦးက ဘောလုံးကွင်းထဲသို့ ရုတ်တရက်ဝင်ရောက်လာပြီး ပရိသတ်များအား ပစ်ခတ်ခဲ့ သောကြောင့် ပရိသတ် ၂၀၀ ကျော်နှင့် အားကစားသမားများ ထွက်ပြေးခဲ့ကြရပါသည်။ ထို့နောက် သေနတ်သမားများသည် အခင်းဖြစ်ပွားရာနေရာမှ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ပါသည်။ ထိခိုက် ဒဏ်ရာရသူ မရှိကြောင်း ရဲတပ်ဖွဲ့၏ ပဏာမ စုံစမ်းစစ်ဆေးမှုအရ သိရှိရပြီး သံသယ ရှိသူများကို လိုက်လံရှာဖွေလျက်ရှိသည်ဟု သတင်းအရ သိရှိရ သည်။