အီတလီပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများသည် Venice Grand Canal ကို အစိမ်းရောင်ဆိုးဆေးဖြင့် ဆိုးထား၊ Venice မြို့တော်ဝန်က “ဂေဟစနစ်ဖျက်ဆီးသည်” ဟု ရှုတ်ချ

(GMT+08:00)2023-12-11 14:08:36  

ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့က အီတလီ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများသည် Venice Grand Canal အပိုင်းအချို့ကို အစိမ်းရောင်ဆိုးဆေးဖြင့် ဆိုးထားပြီး၊ ထိုသို့ ပြုလုပ်ခြင်းသည် ဒူဘိုင်းတွင် ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂ မူဘောင်စာချုပ် ၂၈ ကြိမ်မြောက် ညီလာခံ (COP28) တွင် တိုးတက်မှုမရှိဟု မှတ်ယူခြင်းကြောင့်ဖြစ်ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Extinction Rebellion မှ ဆန္ဒပြသူများသည် အန္တရာယ်မရှိဟု ယူဆသော fluorescein ဆိုးဆေးကို မြစ်ထဲသို့ လောင်းချ ပြီး မြစ်ရေသည် ခေတ္တမျှ စိမ်းသွား သည်ဟု သိရပါသည်။