တရုတ်နှင့်အီဂျစ် အာကာသဌာနများသည် အာကာသနယ်ပယ် ပူးပေါင်းဆောင်ရွက်မှု စာချုပ်များ ချုပ်ဆို

(GMT+08:00)2023-12-11 14:01:01  

မကြာခင်ရက်များက တရုတ် အမျိုးသား အာကာသ ဌာန နှင့် အီဂျစ် အာကာသဌာနတို့သည် “တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရ နှင့် အာရပ် အီဂျစ် သမ္မတနိုင်ငံ အစိုးရတို့ အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းစွာ အသုံးချမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ” နှင့် “တရုတ် အမျိုးသား အာကာသ ဌာန နှင့် အီဂျစ် အာကာသဌာနတို့ နိုင်ငံတကာ လကမ္ဘာ သိပ္ပံပညာ သုတေသနဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်”တို့ကို ဘေကျင်းမြို့၌ ချုပ်ဆိုခဲ့သည်။