သတ္တမ အကြိမ်မြောက် ဟောင်ကောင် အထူးအုပ်ချုပ်ရေဒေသ လွှတ်တော် ရွေးကောက်ပွဲ ချောမောအောင်မြင်စွာ ကျင်းပ

(GMT+08:00)2023-12-11 13:56:02  

 သတ္တမ အကြိမ်မြောက် ဟောင်ကောင် အထူးအုပ်ချုပ်ရေဒေသ လွှတ်တော် ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ချောမောအောင်မြင်စွာ ကျင်းပခဲ့ပါသည်။ ယင်းသည် ဟောင်ကောင်သူဟောင်ကောင်သားများက ဟောင်ကောင်ကို စီမံအုပ်ချုပ်ရေး မူ ဖော်ဆောင်ပြီး ဟောင်ကောင်ဒေသ လွှတ်တော်စနစ်ကို ပြန်လည် စီမံ ဖော်ဆောင်ခဲ့သည့်နောက်ပိုင်း ကျင်းပခဲ့သည့် ပထမဆုံး အကြိမ် ဟောင်ကောင်ဒေသ လွှတ်တော် ရွေးကောက်ပွဲ ဖြစ်ပါသည်။ ယခုအကြိမ် ရွေးကောက်ပွဲတွင် ဟောင်ကောင်ဒေသကော်မတီ လုပ်ငန်းနယ်ပယ်များအလိုက် လွှတ်တော် အမတ် ၁၇၆ ဦးနှင့် ဒေသများအလိုက် လွှတ်တော် အမတ် ၈၈ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ပါသည်။

   ၁၁ ရက်နေ့ နံနက်ပိုင်းက မီဒီယာများနှင့် တွေ့ဆုံရာတွင် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ လူချီခမ်က ဒေသများအလိုက် မဲဆန္ဒရှင် ဦးရေ စုစုပေါင်း ၁.၁၉ သန်းကျော်မဲပေးခဲ့ကြကြောင်း၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်း ဖြစ်စဉ် ချောမောပြီး ရွေးကောက်ပွဲ အစီအစဉ်အရပ်ရပ်ကို ပွင့်လင်းမြင်သာရေးနှင့် တရားမျှတရေး မူအတိုင်း ဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

   လာမည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစပြီး သတ္တမ အကြိမ်မြောက် ဟောင်ကောင် အထူးအုပ်ချုပ်ရေဒေသ လွှတ်တော်သည် တရားဝင် တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။