၂၀၂၃ခုနှစ် နိုဘယ်ဆု ဆုချီးမြှင့်ပွဲ အခမ်းအနားကို စတော့ဟုမ်းတွင် ကျင်းပ

(GMT+08:00)2023-12-11 14:02:18  

၂၀၂၃ခုနှစ် နိုဘယ်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၁၀ ရက်နေ့က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ကျင်းပခဲ့သည်။ ရူပဗေဒဆု၊ ဓာတုဗေဒဆု၊ ဇီဝကမ္မဗေဒဆု သို့မဟုတ် ဆေးဘက်ဆိုင်ရာဆု၊ စာပေဆုနှင့် စီးပွားရေးဆုများချီးမြှင့်ခဲ့ရာ ၂၀၂၃ခုနှစ် တွင် ရူပဗေဒဆိုင်ရာနိုဘယ်ဆုကို Pierre Agostini၊ Ferenc Krausz နှင့် Anne L’Huillier၊ ဓာတုဗေဒ ဆိုင်ရာနိုဘယ်ဆုကို Moungi G. Bawendi၊ Louis E. Brus နှင့် Aleksey Yekimov ၊ ဇီဝကမ္မဗေဒဆု သို့မဟုတ် ဆေးဘက်ဆိုင်ရာ နိုဘယ်ဆုကို Katalin Karikó နှင့် Drew Weissman၊ စီးပွားရေး ဆိုင်ရာနိုဘယ်ဆုကို  Claudia Goldin ၊ စာပေ ဆိုင်ရာနိုဘယ်ဆုကို Jon Fosse တို့က အသီးသီးရရှိခဲ့ကြပါသည်။

ရွေးချယ်ရေးကော်မတီက ဆုရရှိသူများ၏ အောင်မြင်မှုများကို မိတ်ဆက်ပြီးနောက် ဆွီဒင်ဘုရင် Carl XVI Gustafသည် နိုဘယ်ဆုလက်မှတ်၊ ဆုတံဆိပ်နှင့် ဆုငွေများကို ပေးအပ် ချီးမြှင့်ခဲ့သည်။ ယခုနှစ်တွင် နိုဘယ်ဆု ဆုငွေ ဆွီဒင်ငွေ ၁၁ သန်း  (အမေရိကန်ဒေါ်လာ ၁ သန်းခန့်) ဖြစ်သည်။