အစ္စရေးက ဂါဇာဒေသကို ထပ်မံတိုက်ခိုက်

(GMT+08:00)2023-12-10 17:12:17  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၉ရက်နေ့က ဂါဇာဒေသရာဖာမြို့တွင် အစ္စရေးနိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသားတစ်ဦးနှင့် ၎င်း၏သမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြကြောင်း၊ ပါလက်စတိုင်းနိုင်ငံသားသည် အိမ်အပြင်ဘက်တွင် အပျက်အစီးများကို ကြည့်ရှုစစ်ဆေးနေကြောင်း၊ အစ္စရေးနိုင်ငံနှင့် ဟားမတ်စ်အဖွဲ့တို့ အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ ၎င်းမတိုင်မီ အမေရိကန်နိုင်ငံက အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကုလသမဂ္ဂ၏ အထူးအဆိုပြုချက်ကို တားမြစ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။