ဖိလစ်ပိုင်သင်္ဘောသည် တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့၏ သင်္ဘောကို တမင်တိုက်မိပြီး ခြစ်ရာများဖြစ်ပေါ်သည့်အတွက် လုံးဝတာဝန်ယူရမည်ဖြစ်ကြောင်း တရုတ်ပင်လယ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့ ဆို

(GMT+08:00)2023-12-10 17:17:23  

     ဒီဇင်ဘာလ ၁၀ ရက်နေ့က ဖိလစ်ပိုင်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့မှ သင်္ဘော ၂ စင်း၊ အစိုးရရေယာဉ် ၁ စင်းနှင့် ထောက်ပံ့ရေး သင်္ဘော ၁ စင်းတို့သည် တရုတ်အစိုးရ၏ ခွင့်ပြုချက်မရဘဲ တရုတ်နိုင်ငံ နန်ဆား ကျွန်းစုရှိ Ren'ai Reef နှင့် ကပ်လျက်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ကျူးကျော်ခဲ့ သောကြောင့် တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့သည် ဖိလစ်ပိုင် သင်္ဘောများကို ဥပဒေအရ ဖမ်းဆီးထိန်းချုပ်ခဲ့ပါသည်။ နံနက် ၆ နာရီ ၃၉ မိနစ်တွင် ဖိလစ်ပိုင်သင်္ဘော "Yunaza May" နံပါတ် ၁ သည် တရုတ်ပင်လယ်စောင့်ကြပ်ရေးရဲတပ်ဖွဲ့၏ ထပ်ခါတလဲလဲ သတိပေး ချက်များ ကို လျစ်လျူရှုပြီး "နိုင်ငံတကာ ပင်လယ်ပြင် တိုက်မိခြင်း ကာကွယ်ရေးစည်းမျဉ်းများ" ကို ဖောက်ဖျက်ပြီး အန္တရာယ်ရှိသော ပုံစံဖြင့် ကွေ့ကာ ပုံမှန်ဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်နေသော တရုတ်ပင်လယ်စောင့်ကြပ်ရေး ရဲတပ်ဖွဲ့၏ ရေယာဉ် နံပတ်၂၁၅၅၆နှင့် တမင်တိုက်မိပြီး ခြစ်ရာများဖြစ်ပေါ်၍ လုံးဝတာဝန်ယူရ မည်ဖြစ်ကြောင်း ပြောကြားပါသည်။