တတိယစင်းမြောက် C919 အကြီးစား ခရီးသည်တင်လေယာဉ်ကို China Eastern Airlines ထံသို့ ပေးအပ်

(GMT+08:00)2023-12-10 17:16:16  

    ဒီဇင်ဘာလ ၉ ရက်နေ့ နံနက် ၉ နာရီ ၅၃ မိနစ်တွင် တတိယစင်းမြောက် C919 ခရီးသည်တင် လေယာဉ်ကြီးသည် ရှန်ဟိုင်း ဖူတုန်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှန်ဟိုင်း ဟုန်ချော် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ပျံသန်းခဲ့ပြီး China Eastern Airlines ထံသို့ တရားဝင်ပေးအပ်ခဲ့ပါသည်။ ဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံ အရှေ့ပိုင်းဒေသ မြို့ပြလေကြောင်း စီမံအုပ်ချုပ်ရေး ဦးစီးဌာနက ယင်းလေယာဉ်၏ မှတ်ပုံတင်လက်မှတ်၊ လေကြောင်းပျံသန်းခွင့်လက်မှတ်နှင့် ရေဒီယိုလိုင်စင်တို့ကို China Eastern Airlines ထံသို့ ထုတ်ပေးခဲ့ပြီး ယင်းလေယာဉ်သည် စီးပွားဖြစ် လည်ပတ်ရန် အရည်အချင်းပြည့်မီပြီး မြို့ပြလေကြောင်းစည်းမျဉ်းများနှင့် ကိုက်ညီပြီဖြစ်ကြောင်း သတင်းအရ သိရပါသည်။