ဂျပန်အရပ်ဘက်အဖွဲ့အစည်းသည် စုဝေးပွဲ ကျင်းပပြီး နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု သမိုင်းကြောင်းကို မမေ့ကြရန် ပန်ကြား

(GMT+08:00)2023-12-10 17:13:48  

၂၀၂၃ခုနှစ်သည် နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားသည့် ၈၆ နှစ်ပြည့်မြောက်သည့်နှစ်ဖြစ်ပါသည်။ ဂျပန်အရပ်ဘက်အဖွဲ့အစည်းဖြစ်သည့် “နန်ကျင်းအရေး မှတ်တမ်း ထိန်းသိမ်းခြင်းအဖွဲ့”သည် ဒီဇင်ဘာလ ၉ရက်နေ့က Osaka မြို့တွင် စုဝေးပွဲကျင်းပပြီး ဂျပန်ပြည်သူလူထုအား ယနေ့ ကမ္ဘာ့အခြေအနေကို ပေါင်းစပ်ကာ နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၏ သမိုင်းဝင်သင်ခန်းစာနှင့် လက်တွေ့ကျ အဓိပ္ပါယ်ကို ပြန်လည်ဆန်းစစ်ရန် ပန်ကြားပြီး သမိုင်းကို မမေ့လျော့ဘဲ ငြိမ်းချမ်းရေး တည်ဆောက်မှု၏ အရေးကြီးပုံကို အလေးထား ဖော်ပြခဲ့ပါသည်။ ဂျပန်ပြည်သူလူထု ၁၅၀ကျော်သည် စုဝေးပွဲတွင် ပါဝင်ခဲ့ကြပါသည်။

“နန်ကျင်းအရေး မှတ်တမ်း ထိန်းသိမ်းခြင်းအဖွဲ့”ကို ၂၀၁၄ခုနှစ်က ဖွဲ့စည်း တည်ထောင်ခြင်း ဖြစ်ပြီး နန်ကျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်သော စုဝေးပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပပါသည်။